Monthly Archives: April 2015

ညဟာ ရထားဆီဆိုက်မယ့် ဘူတာလို တရွေ့ရွေ့ ရွှေ့လျားလာတယ် ညဟာ အနက်ရောင်ဂါဝန်ဝတ်ဆင်ပြီး အခန်းထဲ တိုး ၀င်လာတယ် ညဟာ ညထက် ပိုပြီး မှောင်မည်းလာတယ် ပြီးတော့….မျက်လုံးပြူးပြူး မြို့ပြတစ်ခုကို မွေးဖွားပေးလိုက်တယ် အဲဒီညမှာ တစ်စုံတစ်ယောက်ဟာ ဧရာဝတီမြစ်ကို ချစ်ရေးဆိုခဲ့တယ် အဲဒီညမှာ အမေအိုတစ်ယောက်ဟာ အိုဗာဆေးဖုန်း ထိုင်စောင့်နေတယ် အဲဒီညမှာ စာငှက်ကလေးတွေ အိမ်ပြန် နောက်ကျခဲ့ကြတယ် အဲဒီညမှာ လမ်းတွေ၊ လမ်းမကြီးတွေ အဆက်မပြတ် (ပြေးမြဲ) ပြေးဆွဲနေကြတယ် အဲဒီညမှာ အဘွားအိုရဲ့ ညအိပ်ပုံပြင်တစ်ပုဒ်ဟာ အဆုံးသတ်သွားခဲ့တယ် အဲဒီညမှာ … Continue reading

Posted in Uncategorized | Tagged | Leave a comment

ငါ့ကို သတိရတယ်ဆိုရင်

ခဏလောက် ဝေးကွာနေရတဲ့ အချိန်လေးတွေမှာ အတူရှိနေရသလို ခံစားမှုတွေကို ပေးတဲ့ ခေတ်မီနည်းပညာတွေကို ကျေးဇူးတင်လိုက်မိတယ်။ ငါ အဝေးကို ရောက်လို့ မင်းတစ်ယောက်တည်း အထီးကျန်ခံစားမိတဲ့ အခါ ငါ့ရဲ့ ထွေးပိုက်ယုယမှုတွေ၊ ကြင်နာမှုအနမ်းတွေ (မင်း) ရည်မှန်း တမ်းတ သတိရတယ်ဆိုရင်…. ငါဟာ မင်းရဲ့စိတ်ကူးယဉ်ထဲက မင်း စိတ်ကြိုက် ရေးဖော်လိုက်တဲ့ အတွေးတစ်ခု။ ငါဟာ မင်းရဲ့အိပ်မက်တွေ ထဲက ကြည်နူး လွမ်း ဆွတ်မှုတွေကို ပေးတဲ့ တေးကဗျာတစ်ပုဒ်။ ငါဟာ မင်းရဲ့အခန်းပြူတင်းကနေ တရေးရေး၊ တစိမ့်စိမ့် ကြည့်နေတတ်တဲ့ လရောင်။ ငါဟာ … Continue reading

Posted in Uncategorized | Leave a comment

fluttering breeze

fluttering breeze i open the curtain to wet petals Gin Suan Tung

Posted in Uncategorized | Leave a comment