ငါ့ကို သတိရတယ်ဆိုရင်

ခဏလောက်

ဝေးကွာနေရတဲ့ အချိန်လေးတွေမှာ

အတူရှိနေရသလို ခံစားမှုတွေကို ပေးတဲ့

ခေတ်မီနည်းပညာတွေကို ကျေးဇူးတင်လိုက်မိတယ်။

ငါ အဝေးကို ရောက်လို့

မင်းတစ်ယောက်တည်း အထီးကျန်ခံစားမိတဲ့ အခါ

ငါ့ရဲ့ ထွေးပိုက်ယုယမှုတွေ၊ ကြင်နာမှုအနမ်းတွေ

(မင်း) ရည်မှန်း တမ်းတ သတိရတယ်ဆိုရင်….

ငါဟာ မင်းရဲ့စိတ်ကူးယဉ်ထဲက

မင်း စိတ်ကြိုက် ရေးဖော်လိုက်တဲ့ အတွေးတစ်ခု။

ငါဟာ မင်းရဲ့အိပ်မက်တွေ ထဲက

ကြည်နူး လွမ်း ဆွတ်မှုတွေကို ပေးတဲ့ တေးကဗျာတစ်ပုဒ်။

ငါဟာ မင်းရဲ့အခန်းပြူတင်းကနေ တရေးရေး၊

တစိမ့်စိမ့် ကြည့်နေတတ်တဲ့ လရောင်။

ငါဟာ ဆောင်းညဥ့်နက်တွေမှာ မင်းကိုအဖော်ပြုဖို့အပြေးရောက်လာတဲ့ ကြယ်တံခွန်။

ငါဟာ နွေနေ့ရက်တွေမှာ အချစ်ရနံ့တွေကို

ယူ ဆောင်လာပေးတဲ့ အနမ်းပြည့်လေညင်းကလေး။

ငါဟာ မင်းရဲ့အလွမ်းအဆွေးတွေကို ဖြေ ဖျောက်ပေးတဲ့မိုးစက်ကလေးတွေ။

ငါဟာ ရင်ခုန်စရာ အမှတ်တရတွေနဲ့ စီခြယ်ထားတဲ့ နံရံပန်းချီကားတစ်ချပ်။

ငါဟာ မင်း တည်ဆောက်မယ့် ဘ၀အိမ်ကလေးထဲမှာ

ကတိ၊ သစ္စာ၊ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ခြင်းတွေနဲ့

ထာဝရရှိနေမယ့် တည်ရှိခြင်းအကြောင်းပေါ့ကွာ။

Gin Suan Tung

YoYarLay http://yoyarlay.com/book/book/poem/40365-2014-03-22-10-46-53.html

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s