ညဟာ ရထားဆီဆိုက်မယ့်

ဘူတာလို တရွေ့ရွေ့ ရွှေ့လျားလာတယ်

ညဟာ အနက်ရောင်ဂါဝန်ဝတ်ဆင်ပြီး

အခန်းထဲ တိုး ၀င်လာတယ်

ညဟာ ညထက် ပိုပြီး မှောင်မည်းလာတယ်

ပြီးတော့….မျက်လုံးပြူးပြူး မြို့ပြတစ်ခုကို

မွေးဖွားပေးလိုက်တယ်

အဲဒီညမှာ တစ်စုံတစ်ယောက်ဟာ ဧရာဝတီမြစ်ကို ချစ်ရေးဆိုခဲ့တယ်

အဲဒီညမှာ အမေအိုတစ်ယောက်ဟာ အိုဗာဆေးဖုန်း ထိုင်စောင့်နေတယ်

အဲဒီညမှာ စာငှက်ကလေးတွေ အိမ်ပြန် နောက်ကျခဲ့ကြတယ်

အဲဒီညမှာ လမ်းတွေ၊ လမ်းမကြီးတွေ အဆက်မပြတ် (ပြေးမြဲ) ပြေးဆွဲနေကြတယ်

အဲဒီညမှာ အဘွားအိုရဲ့ ညအိပ်ပုံပြင်တစ်ပုဒ်ဟာ အဆုံးသတ်သွားခဲ့တယ်

အဲဒီညမှာ လူအုပ်တစ်စုဟာ နယ်စောင့်စခန်းတစ်ခုကိုစီတန်း ဖြတ်ကျော်နေကြတယ်

အဲဒီညမှာ ကွဲပြတ်နေတဲ့ စံနစ်တွေကို အသံ အကွဲအစတွေနဲ့ ဖာထေးပြုပြင်နေကြတယ်

အဲဒီညမှာ မြို့ပြတစ်ခုလုံးဟာ အော်သံတွေ၊ ခေါ်သံတွေ၊ အချက်ပေး ဥသြသံတွေနဲ့ ဆူညံသွားခဲ့တယ်

အဲဒီညမှာ မမြင်နိုင်တဲ့တံတိုင်းတစ်ခုအတွင်း ကိုယ်စီပါလာတဲ့ ဓါးမြှောင်တွေနဲ့ ထိုးစိုက်ဖြိုခွဲနေကြတယ်

အဲဒီညမှာ နံရံပေါ်ဗန်ဂိုးပန်းချီကားထဲက လိမ္မော်ရောင်တစ်ကွက်ဟာ မှိန်ကျခဲ့တယ်

အဲဒီညမှာ နှင်းရည်စိုနေတဲ့ သစ်ကိုင်းပေါ်က မယ်လိုဒီတစ်လုံးဟာ ကြွေကျ….တုန်ခါသွားခဲ့တယ်

အဲဒီညမှာ…

အဲဒီညမှာ…

(နောက်….)

ညဟာ ခြေ လက်တွေကို ဆန့်

သမ်းဝေပြီး

နေ့သစ်ကို ကြိုဆိုဖို့ ဟန်ပြင်နေချိန်….

နံနက်ခင်းကတော့ ကပွဲခန်းမထဲက ဘဲလေးအကသမအလား

အဖြူရောင်အကျီသစ်ကို ၀တ်

ရွှင်ပျတဲ့ မျက်နှာထားလေးနဲ့….

ကိုယ့်ရဲ့ ရှည်လျားတဲ့ အိပ်မက်ထဲက လက်ကမ်း….ခေါ်နိုးလို့။

Gin Suan Tung

(October 2014)

Advertisements
This entry was posted in Uncategorized and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s